A d v e r t i s e m e n t With Us

မငြိမ်မသက်ဖြစ်နေသည့် မြန်မာ့အရေး စိုးရိမ်ပူပန်ကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံရေး ကောင်စီပြော

လတ်တလော စစ်တပ်က အာဏာသိမ်းထားပြီး မငြိမ်မသက်မှုတွေဖြစ်နေတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း       တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီ (အန်အက်စ်စီ)က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

       သူတို့အနေနဲ့ ဒီအခြေအနေမှာ တရားဝင်၊ ဒီမိုကရေစီနည်းလမ်းတကျ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဉပဒေနဲ့အညီ ပြန်လည်ဖြစ်စေဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားဖို့ သဘောတူညီပြီးဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတအိမ် ပြာတော်(ချောင်ဝါဒေး) ထုတ်ပြန်ချက်ကို ကိုးကားပြီး The Korea Herald သတင်းမှာ ဖော်ပြပါတယ်။

       သမ္မတရုံး အမျိုးသားလုံခြုံရေးဒါရိုက်တာ ဆောဟွန်းက ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားတဲ့ အမျိုးသားလုံခြုံရေးကောင်စီ (အန်အက်စ်စီ) အမြဲတမ်းကော်မတီ အပတ်စဉ် အစည်းအဝေးမှာ ခုလို ဆုံးဖြတ်လိုက်တာပါ။

 အန်အက်စ်စီအဖွဲ့ဝင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အစိုးရအာဏာသိမ်းမှုကို လူစုလူဝေးနဲ့ ဆန့်ကျင်ဆန္ဒပြနေကြသူတွေအပါအဝင် နိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်နေသူဝ ကိုရီးယားနိုင်ငံသားတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးအ တွက် အကာအကွယ်ပေးနိုင်ဖို့လည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ထပ်ပြီး ကိုရီးယားကျွန်းဆွယ်အနီးတဝိုက် လုံခြုံရေးအခြေအနေတွေကို စီမံ ခန့်ခွဲနိုင်ဖို့လည်း တောင်ကိုရီးယားက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုအား ပိုမိုကောင်းမွန်လာစေဖို့ ကတိသစ္စာပြုခဲ့ကြပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုတွေ တွန်းအားပေးလုပ်ဆောင်ဖို့လည်း သဘောတူခဲ့ ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up