ကချင်ပြည်နယ် မိုးကောင်းမြို့ လယ်ဆယ်၀န်ကြီးရုံးရှေ့မှာ ဒီနေ့နက်ပိုင်းက မိုးကောင်းပြည်သူတွေ ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။
CDM မှာ မပါ၀င်သေးတဲ့ လယ်ဆယ်၀န်ကြီးဌာန၊ စည်ပင်ဌာန၊ မြန်မာ့စီးပွားရေးဘဏ် ၀န်ထမ်းတွေ CDM မှာ ပါ၀င်လာ ထိုင်သပိတ်ဆင်နွှဲခဲ့ကြတာလို့ ဆန္ဒပြသူတွေ ပြောပါတယ်။
ထိုင်သပိတ်ဆင်နွှဲတဲ့ နေရာကို ရဲနဲ့ စစ်တပ်က အချုပ်ကား၊ ရေကားတွေနဲ့ လာရောက်စောင့်ကြည့်ခဲ့ပေမယ့် တစုံတရာ နှောင့်ယှက်တာမရှိဘူးလို့ ဆိုပါတယ်။
မိုးကောင်းမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ပြည်သူတွေ၊ ကျောင်းသားတွေနဲ့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေ နေ့စဉ် ဆန္ဒပြပွဲနဲ့ ထိုင်သပိတ် ဆင်နွှဲနေကြတာလည်း ဖြစ်ပါတယ်။