Home
မြန်မာသတင်း
CDM ဝန်ထမ်းများကို ခြိမ်းခြောက်ဖိအားပေးခြင်းမလုပ်ရန် ဘုတလင်မြို့တွင် ထိုင်သပိတ်ဆင်နွှဲ
DVB
·
February 17, 2021

စစ်ကိုင်းတိုင်း ဘုတလင်မြို့မှာရှိတဲ့ ဌာနဆိုင်ရာအသီးသီးရှေ့မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မနက်က စတင်ကာ ဒေသခံပြည်သူတွေက ထိုင်သပိတ်ဆန္ဒပြနေကြပါတယ်။

ထိုင်သပိတ်ကို မြို့တွင်းက အထွေထွေအုပ်ချုပ်ရေးဌာန၊ မြန်မာ့စီးပွားဘဏ် နဲ့ ပညာရေးမှူးရုံး ရှေ့တွေမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဌာနဆိုင်ရာ အရာရှိတွေအနေနဲ့ CDM လှုပ်ရှားမှုမှာပါဝင်ကြတဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်ဖိအားပေးတာမျိုးမလုပ်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

"CDM လှုပ်ရှားမှုထဲမှာ ကျနော်တို့မြို့က ဌာနဆိုင်ရာဝန်ထမ်းတော်တော်များများပါ ပါတယ်။ အထက်က အရာရှိတွေက အမျိုးမျိုးဖိအားပေးတာတွေဘာတွေ ရှိတော့ စိတ်ကပါပေမယ့် မပါဝင်ရဲကြသူတွေလည်း ရှိတယ်။ ဒါကြောင့် အောက်ခြေဝန်ထမ်းတွေကို ခြိမ်းခြောက်ဖိအားမပေးဖို့နဲ့ ဝန်ထမ်းတွေအနေနဲ့ အမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ဖို့ တောင်းဆိုနေကြတာပါ" လို့ ထိုင်သပိတ်မှာ ပါဝင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဘုတလင်မြို့က လမ်းမကြီးတွေပေါ်မှာလည်း အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျရေး ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည်တဲ့ သပိတ်စစ်ကြောင်းကို ဌာနဆိုင်ရာဝန်ထမ်းတွေနဲံ ဒေသခံပြည်သူ ၁၅၀၀၀ ကျော်နဲ့ ပြုလုပ်နေကြပါတယ်။

ဘုတလင်မြို့က ဌာနဆိုင်ရာတချို့ရဲ့ ရုံးဝန်းအတွင်းထဲမှာတော့ စစ်တပ်က နေရာယူထားတွေလည်း ရှိနေပါတယ်။

ရန်နိုင်စိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024