Home
မြန်မာသတင်း
ကုလသမဂ္ဂမဟာမင်းကြီး မြန်မာနိုင်ငံ လာမည့်သတင်း ကောလာဟလဟု ကုလရုံးပြော
DVB
·
February 17, 2021

ကုလသမဂ္ဂ မဟာမင်းကြီး မြန်မာနိုင်ငံကိုလာမယ်ဆိုတာ ကောလာဟလပဲဖြစ်တယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးက ဖြေရှင်းပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ကုလသမဂ္ဂမဟာမင်းကြီး ဒါမှမဟုတ် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာမယ်လို့ သတင်းတွေထွက်နေတာဖြစ်ပြီး လောလောဆယ်အချိန်မှာ လာရောက်ဖို့ မရှိသေးဘူးလို့ ရှင်းလင်းထုတ်ပြန်တာပါ။

ကုလသမဂ္ဂသို့ပေးပို့ချင်တဲ့ စာတွေနဲ့ စာရွက်စာတမ်းတွေကို အမှတ် ၆၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊  ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂပင်မရုံးတွေရဲ့ ဂိတ်အဝင်မှာ ပေးပို့နိုင်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စိုးရိမ်တကြီး စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။ပြီးတော့ ကုလသမဂ္ဂအဖွဲ့ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်တာတွေကို မဆုတ်မနစ် ပံ့ပိုးကူညီသွားမယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ထပ်ပြီး အတည်ပြုပြောဆို ပါတယ်။

ယခုဖြစ်ပေါ်နေတဲ့ ကောလာဟာလတွေဟာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (the Office of the High Commissioner for Human Rights - OHCHR) ရဲ့ မဟာမင်းကြီးကိုသာ အဓိကရည်ညွှန်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024