ဆောင်းရာသီအိုလံပစ်ပွဲတော် မီးရှုးတိုင်ကို ရုရှားနိုင်ငံ လွှဲပြောင်းယူ

၂၀၁၄ ရိုချီ ဆောင်းရာသီအိုလံပစ်ပွဲတော် မီးရှုးတိုင်ကို ရုရှားနိုင်ငံက အောက်တိုဘာ ၅ ရက် စနေနေ့မှာ လွှဲပြောင်းယူလိုက်ပါတယ်။ Photo by Reuters၁၈၉၆ ခုနှစ်တုန်းက အိုလံပစ်ပွဲတော်တွေကို ပထမဆုံးကျင်းပခဲ့တဲ့ ဂရိနိုင်ငံရဲ့ ရှေးဟောင်းအားကစားကွင်းမှာ ရုရှား ဒုဝန်ကြီးချုပ် ဒီမစ်ထရီကိုဇက်က အခမ်းအနားနဲ့ လွှဲပြောင်း ယူပါတယ်။ နေရောင်နဲ့ ထွန်းညှိခဲ့တဲ့ အိုလံပစ် မီးရှုးတိုင်ဟာ တနင်္ဂနွေနေ့ကစလို့ တောင် ထူထပ်တဲ့ နိုင်ငံ ဂရိနိုင်ငံမြောက်ပိုင်းက ၃၃ မြို့ကို လက်ဆင့်ကမ်း သယ်လာခဲ့ပါတယ်။ အိုလံပစ် မီးရှုးတိုင်ဟာ အေသင်မြို့ကနေ မော်စကိုမြို့ဆီကို လေယာဉ်နဲ့ သယ် ဆောင်ပြီးနောက် ရှရှားနိုင်ငံ ဒေသ ၈၃ ခုမှာ ကီလိုမီတာ ၆ သောင်း ၅ ထောင် ခြေကျင် လက်ဆင့်ကမ်း သယ်ဆောင်ဖို့ ရှိပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း အိုလံပစ်ပွဲကို အကောင်းဆုံး ကျင်းပပြီး ဆိုဗီယက်ခေတ်အလွန် ရုရှနိုင်ငံရဲ့ တိုးတက်မှု အခြေအနေကို ပြသမယ်လို့ ကြုံးဝါး ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up