စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သံဃာတော်တွေက ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းမှာရှိတဲ့ ၅ ထပ်ကြီးဘုရားရှေ့ကနေ နတ်မောက်လမ်းရှိ UN ရုံးရှေ့အထိ မေတ္တာပို့ပြီး လှည့်လည် ဆန္ဒပြကြပါတယ်။
စစ်အာဏာသိမ်းမှုအပေါ် တခြားတိုင်းနဲ့ပြည်နယ်တချို့မှာ ဆရာတော်တွေက ကန့်ကွက်လှုပ်ရှားမှုမှာ ပါဝင်လာပေမယ့် ရန်ကုန်မှာ သံဃာတော်တွေပါဝင်မှုမရှိသေးတဲ့ အတွက် ခုလိုလှည့်လည်တာဖြစ်ပြီး သံဃာတော်တွေနဲ့ အစိုးရဝန်ထမ်းတွေ CDMလှုပ်ရှားမှုမှာ ပိုမို ပူးပေါင်းပါဝင်ဖို့ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှု ဦးဆောင်ဆရာတော်က မိန့်ပါတယ်။
သံဃာတော်တွေအနေနဲ့ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကြွေးကြော်မှုတွေနဲ့အတူ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးအတွက်လည်း တောင်းဆို ကြွေးကြော် လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
စိုးမိုးအောင်