Home
မြန်မာသတင်း
မြန်မာရောက် ဖိလစ်ပိုင်နိုင်ငံသားများ စင်းလုံးငှားလေယာဉ်ဖြင့် နေရပ်ပြန်
DVB
·
February 16, 2021

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေထဲက ၁၃၉ ယောက်ဟာ ဖေဖော်ဝါရီ ၁၅ ရက်က စင်းလုံးငှားလေယာဉ်နဲ့ နေရပ်ပြန်သွားခဲ့ကြပြီလို့ မနီလာတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေကြောင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စီစဉ်မှုနဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို ဒုတိယအကြိမ် ပြန်လည်ခေါ်ယူမှုဖြစ်ကာ ပြီးခဲ့တဲ့နှစ် မတ်လကတည်းကစတင်ကာ နေရပ်ပြန်လည်ပို့ ဆောင်ခဲ့တဲ့ နိုင်ငံသားပေါင်း ၅၀၉ ယောက်ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။       ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁,၂၇၃ ယောက်ရှိပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့မှာ အလုပ်လုပ်ကိုင်နေကြသူတွေပါဝင်သလို ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ ကြီးကြပ်သူတွေအနေနဲ့ အလုပ်လုပ်ကိုင်နေကြသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024