လွိုင်ကော်တွင် စစ်အာဏာဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆက်လုပ်
DVB
·
February 16, 2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုရှားမှု ၈ ရက်မြောက်နေ့မှာ စစ်ကြောင်း နှစ်ခုခွဲပြီး တကြောင်းက မြို့ကိုပတ်ကာ ချီတက်ဆန္ဒပြနေကြပါတယ်။
မြို့တွင်းလိုက်ပတ်ချီတက်တဲ့စစ်ကြောင်းဟာ ပြည်နယ်အစိုးရရုံးအပါအဝင် အစိုးရရုံးတွေဆီ သွားရောက်ပြီး ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ တိုက်တွန်းနှိုးဆော်နေကြပါတယ်။
နောက်ထပ်စစ်ကြောင်းကတော့ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုမြို့ဆီ ချီတက်ဆန္ဒပြနေကြ ပါတယ်။