သံရုံးဗုံးခွဲမှုတွင်ပါဝင်သည့် အယ်လ်ကိုင်းဒါးခေါင်းဆောင် အမေရိကန် ဖမ်းဆီး

Photo by Reuters
၁၉၉၈ ခုနှစ်တုန်းက ကင်ညာနဲ့ တန်ဇန်နီးယားနိုင်ငံရှိ အမေရိကန်သံရုံး ဗုံးခွဲ တိုက်ခိုက်မှုမှာ စီစဉ်သူလို့ စွပ်စွဲခံရထားရတဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင်ကို အမေရိကန်အစိုးရက စနေနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ [caption id="attachment_44395" align="alignleft" width="300" caption="Photo by Reuters"][/caption] အရင်လက နိုင်ရိုဘီမြို့ ဈေးဝယ်ကုန်တိုက်ဝင်စီးမှုအပြီးမှာ အမေရိကန် လုံခြုံရေးအဖွဲ့တွေက လစ်ဗျားနဲ့ ဆိုမားလီးယားမှာ စစ်ဆင်ရေးတွေ လုပ်နေရင်း ထိပ်တန်း အယ်လ်ကိုင်းဒါးခေါင်းဆောင်တယောက်ကို ဖမ်းမိလိုက်တာ ဖြစ်ပါတယ်။   အေးနက်စ် အယ်လ်လာဘီကို လစ်ဗျားနိုင်ငံမှာ ဖမ်းဆီးလိုက်တာပေမယ့် ဆိုမီးလီးယားနိုင်ငံ ဘာရာဝီမြို့ စစ်ဆင်ရေးမှာတော့ စစ်သွေးကြွတယောက်မှ ဖမ်းဆီး နိုင်ခြင်း မရှိဘူးလို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတယောက်က ပြောပါတယ်။ အခု ဖမ်းမိတဲ့ လာဘီဟာ အသက် ၄၉ နှစ်အရွယ်လို့ ယူဆရပြီး လူ ၂၂၄ ယောက် သေဆုံးသွားတဲ့ ဗုံးခွဲမှုနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက ဒေါ်လာ ၅ သန်း ဆုငွေထုတ်ထားသူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up