အမေရိကန် အလုပ်နား ၀န်ထမ်း ၈ သိန်း နောက်ကြောင်းပြန်လစာပေးမည်

အမေရိကန်အစိုးရဌာနတွေ ပြန်ဖွင့်တဲအချိန်မှာ လောလောဆယ် အလုပ် နားခိုင်းထားတဲ့ဝန်ထမ်း ၈ သိန်းကို နောက်ကြောင်းပြန်လစာ ပြန်ပေးဖို့ အမေရိကန် အောက်လွှတ်တော်မှာ ပါတီ ၂ ရပ်စလုံးက အမတ်တွေက စနေနေ့မှာ သဘောတူ လိုက်ပါတယ်။ အစိုးရ ဘတ်ဂျက်ကိစ္စမှာ ပါတီ ၂ ရပ် ကိုယ့်ရပ်တည်ချက်ကို မလျှော့စတမ်း တင်းခံနေရာကို ၀န်ထမ်းလစာ ပြန်ပေးမယ့်ကိစ္စမှာ ၂ ပါတီလုံးက သဘောတူညီချက် ရသွားတာ ဖြစ်ပါတယ်။ မူကြမ်းကို အောက်လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူခဲ့ပြီး အထက် လွှတ်တော်  သဘောတူပြီးရင် သမ္မတအိုဘားမားက လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဌာနတွေ ပိတ်ထားတဲ့ ၅ ရက်မြောက်တဲ့အထိ ပြန်ဖွင့်နိုင်မယ့် သဘောတူညီချက်တော့ မရသေးပါဘူး။ ၀န်ထမ်းလစာ နောက်ကြောင်း ပြန်ပေးဖို့ သဘောတူညီပြီးတာနဲ့ပဲ ရီပတ်ဘ လစ်ကန်နဲ့ ဒီမိုကရက်အမတ်တွေဟာ အစိုးရရုံးဌာနတွေ ပိတ်လိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အပြန်အလှန် အပြစ်ဖို့ကြပါတယ်။ လက်ရှိ အစိုးရဘတ်ဂျက်အပေါ် ပါတီ ၂ ရပ်က သဘောကွဲလွဲပြီးနောက် ဘဏ္ဍာရေးနှစ် အစဖြစ်တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစလို့ အစိုးရရုံးဌာနတွေ တော်တော်များများကို ပိတ်ထားရတာ ဖြစ်ပါတယ်။ အရင်တုန်းလည်း သမ္မတအိုဘားမားနဲ့ ရီပက်ဘလစ်ကန်တွေအကြားမှာ ဘတ်ဂျက်ကိစ္စနဲ့ ပတ်သက်လို့ တလျောက်လုံး ပြဿနာတွေ ပေါ်ခဲ့ပါတယ်။ အခုနောက်ဆုံး အကျပ်အတည်းကတော့ အိုဘားမားကဲ လို့ ခေါ်ကြတဲ့ သမ္မတရဲ့ သမိုင်းဝင် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ရီပက်ဘလစ်ကန်တွေက  ကန့်ကွက်နေတာ ဖြစ်ပါတယ်။ အစိုးရရုံးဌာနတွေကို ပိတ်ထားရတာကို မကျေနပ်တဲ့ နိုင်ငံဝန်ထမ်းတွေက စနေ နေ့တုန်း ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ ကတ်ပီတယ်လွှတ်တော်အဆောက်အဦမှာ ဆန္ဒပြ ကြပါတယ်။ လောလောဆယ် ပိတ်ထားရတဲ့အတွက် အလုပ်သမား သန်းနဲ့ချီ ခွင့်ယူထားရပြီး မိသားစုတွေ ဘ၀တွေကို ထိခိုက်တယ်လို့ ဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up