မကွေးတိုင်းဒေသကြီးအတွင်းမှာ ဖေဖော်ဝါရီ ၉ ရက်မှ ၁၄ ရက်အထိ ညမထွက်ရ အမိန့်ချိုးဖောက်တဲ့သူ ၁၈ ယောက်ကို အမှုဖွင့် အရေးယူထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၁၈ ယောက်ကို ညမထွက်ရအမိန့် ချိုးဖောက်မှု ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့် တရားစွဲဆိုထားပြီး အာမခံပေးထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မကွေးတိုင်းမှာ စစ်တပ်ကအာဏာသိမ်းပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်နဲ့ လူ ၅ ယောက်ထက်ပိုမစုဝေးရ ဆိုပြီ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
မကွေးမြို့ပေါ်ရပ်ကွက်တချို့မှာတော့ ညပိုင်းလုံခြုံရေးအတွက် ရပ်ကွက်အလိုက်၊ လမ်းအလိုက် ကင်းတာဝန်တွေချထားပြီး လမ်းအလိုက် ဝါးကတ်တွေ ကာရံထားတာလည်း တွေ့ရပါတယ်။
သတင်း - မင်းထီး