အင်းတော်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ၇ ရက်မြောက်နေ့ ဆန္ဒပြ
DVB
·
February 14, 2021
စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ သတ္တမမြောက်နေ့အဖြစ် မီးရထားဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေ မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
အင်းတော်-ဗန်းမောက် ကားလမ်းဆုံကနေ ဒီနေ့မနက် ၉ နာရီစတင်ကာ မြို့တွင်း လှည့်လည်ခဲ့ကြပြီး စစ်အာဏာရှင်အစိုးရ အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ချက်ချင်းလွှတ်၊ ပြည်ထောင်စု လွှတ်တော်ခေါ်ယူရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ကိုကိုလင်း