ရေစကြိုမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်ပွဲ သပိတ်စစ်ကြောင်း ပညာရေးဝန်ထမ်းအားလုံးနီးပါ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
၆ ရက်မြောက်နေ့ ဆန္ဒဖော်ထုတ်တဲ့ ဒီနေ့ဟာ အင်အားအများဆုံးဖြစ်ပြီး ကျောင်းဆရာ/ဆရာမ အင်အား ၄၀၀ နီးပါးအထိ ပါဝင်ဆန္ဒပြခဲ့ကြတာပါ။
အင်ဂျင်နီယာ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေ သပိတ်စစ်ကြောင်း၊ All Microfinance Yesagyo Township၊ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ၊ မီးသတ်တွေ၊ တောင်သူလယ်သမားတွေ စတဲ့ သပိတ်စစ်ကြောင်းတွေ ပါဝင်ပါတယ်။
ရေစကြိုမြို့နယ်အတွင်းက ကျေးရွာတွေက ပြည်သူတွေလည်း ဆန္ဒဖော်ထုတ်မှုမှာ ပူးပေါင်းပါဝင်လာပြီး လူအင်အား ၃ သိန်းနီးပါးအထိ ပါဝင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ခင်ပြည့်စုံဝင်း