စစ်အာဏာရှင်ဆန့်ကျင်ရေး ပြင်ဦးလွင်မြို့မှာ နေ့စဉ် ပြုလုပ်နေကြပြီး ဆန္ဒပြပွဲ ဦးဆောင်သူ ၄ ဦးကို ပုဒ်မ ၅၀၅ ခ နဲ့ တရားစွဲဆိုထားပါတယ်။
ပြင်ဦးလွင်မြို့မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညက ဆန္ဒထုတ်ဖော် ဦးဆောင်သူ တစ်ချို့နဲ့ ကျောင်းသားတွေဟာ အစည်းအဝေးလုပ်နေစဉ် ဝင်ရောက် ဖမ်းဆီးခံခဲ့ရတာပါ။
အဲ့ဒီထဲကမှ ၁၁ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၁၂ နာရီခွဲမှာ လွှတ်ပေးခဲ့ပေမယ့် ကျန်ရှိနေတဲ့ ဦးဆောင်သူ ၄ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပုဒ်မ ၅၀၅ ခ နဲ့ တရားစွဲလိုက်တာပါ။
ဦးဆောင်သူ ၄ ဦးကိုလည်း စစ်ဆေးမေးမြန်းတာတွေ အကြမ်းဖက် ရိုက်နှက်တာတွေ လုပ်ထားကြတယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းထံက သိရပါတယ်။