ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူသေဆုံးမှုရှိ
DVB
·
October 4, 2013
ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် စီးပွားရေး၊ လူမှုရေးထိခိုက်မှုများအပြင် ဆေးရုံကို အချိန်မီ မရောက်နိုင်လို့ လူနာတင်ယာဉ်ပေါ်မှာ သေဆုံးခဲ့တဲ့ လူနာ ၁ နှစ်အတွင်း ၁၉ ဦးအထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)ရဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ကျော်မြင့်နိုင်က ပြောပါတယ်။
အောက်တိုဘာ ၂ ရက်နေ့က မြန်မာနိုင်ငံဆရာဝန်များအသင်းမှာ ကျင်းပတဲ့ လူနာတင်ယာဉ် လှူဒါန်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ၁ နှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၇၄ ယောက်ကို ဆေးရုံပို့ရာမှာ ၅၅ ယောက် အချိန်မီရောက်ပြီး ၁၉ ယောက်ဟာ အချိန်မီမရောက်လို့ သေဆုံးသွားတယ်လို့ သူက ရှင်းပြပါတယ်။
လောလောဆယ် ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကြောင့် စီးပွားရေး၊ လူမှုရေး
ထိခိုက်နစ်နာမှုတွေအပြင် လူသေဆုံးမှုအထိ ဖြစ်ပေါ်နေပေမယ့် အစိုးရတာဝန်ရှိသူတွေက ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။