CDM တွင်ပါဝင်သူ ရန်ကုန်ဆေးရုံကြီး သူနာပြု ၂၀၀ ကျော် ဆန္ဒပြ
ဆုဆုသွယ်
·
February 13, 2021
ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေပြီး CDM မှာ ပါဝင်နေကြတဲ့ သူနာပြုဝန်ထမ်းတွေက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သူနာပြုဝန်ထမ်းတွေကတော့ ရန်ကုန်ဆေးရုံကြီးရှေ့ကနေစပြီး တရုတ်သံရုံးရှေ့ကို လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။
အခုလို ဆန္ဒထုတ်ဖော်ရာမှာတော့ သူနာပြုဝန်ထမ်းဦးရေ ၂၀၀ ကျော် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
သူနာပြုဝန်ထမ်းတွေကတော့ CDM လှုပ်ရှားမှု အောင်မြင်ရေး၊ အာဏာရှင်ကို ဖြုတ်ချဖို့ CDM မှာ ပါဝင်စို့ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒ ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ဆုဆုသွယ်