၂၀၁၃ မယ်ပြိုင်ပွဲတွင် မိုးစက်ဝိုင် ပထမဆု ရရှိ (ဓာတ်ပုံ)

ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ မနေ့က ကျင်းပတဲ့ Miss Universe Myanmar 2013 ပြိုင်ပွဲမှာ မိုးစက်ဝိုင် အသက် ၂၅ နှစ်က ပထမဆု ရရှိသွားပါတယ်။ ဒုတိယဆုကို အေးချမ်းမိုးနဲ့ တတိယဆုကို မြတ်နှင်းဖြူတို့က အသီးသီး ဆွတ်ခူးရရှိခဲ့ကြပါတယ်။ မိုးစက်ဝိုင်ဟာ ပထမဆုရရှိခဲ့တဲ့အတွက် ရုရှားနိုင်ငံမှာ နိုဝင်ဘာ ၉ ရက်နေ့ကျင်းပမယ့် Miss Universe 2013 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ မယ်ပြိုင်ပွဲကို ဒီနှစ်မှာ ပထမဆုံး ပြန်လည်ကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။ [album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/Miss Universe/]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up