မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဂျာမန် ပန်းချီအနုပညာရှင် လာကူနာက နှင်းတွေထူ ထပ်စွာကျနေတဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံ ရေးဆွဲပြီး ဆန္ဒထုတ်ဖော်ထားပါတယ်။
ဒီရုပ်ပုံဟာ မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကို အားပေးထောက်ခံကြောင်း ပြသတာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ရုန်းကန်တော်လှန်လှုပ်ရှားမှုဟာ အကျိုးဖြစ်ထွန်းစေဖို့နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးကို နောက်ထပ်တကြိမ် ထာဝရ ဖြုတ်ချနိုင်လိမ့်လို့လည်း ဂျာမန်အနုပညာရှင် လာကူနာက ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
Photo Credit- Street artist Lacuna