စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို တနင်္သာရီတိုင်း မြိတ်မြို့မှာ ငါးရက်မြောက်နေ့အဖြစ် ဆက်လက်ပြုလုပ်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်မှာရှိတဲ့ ဝန်ထမ်းတွေအပြင် ဌာနဆိုင်ရာအများအပြား လာရောက်ပူးပေါင်းခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒပြသပိတ်မှောက်မှုမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ဥပဒေပပညာရှင် အဖွဲ့စည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရဘဏ်ဝန်ထမ်းတွေ၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာ အဖွဲ့စည်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေ အင်အား ၁ သိန်း ကျော်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒထုတ်ဖော်မှုစတင်ချိန်မှာတော့ ရဲတပ်ဖွဲ့အနေနဲ့ လာရောက်ဟန့်တားတာမျိုးရှိခဲ့ပေမယ့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့တာတော့ မရှိပါဘူး။
တနင်္သာရီတိုင်းအတွင်းက မြို့နယ်အသီးသီးမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို တစ်နေ့ထက်တစ်နေ့ အရှိန်ဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေကြပါတယ်။