ဒီနေ့ သတင်းများ
DVB
·
October 3, 2013
- သံတွဲပဋိပက္ခနှင့် ပတ်သက်ပြီး ဖမ်းဆီးမှုများ စတင်။
- လက်ပန်းတောင်း ကြေးနီစီမံကိန်း ၀က်မှေးရွာအနောက်ဘက်မှာ လုံခြုံရေးတဲတွေ တည်ဆောက်မှု ရွာသားများ ကန့်ကွက်။
- မြေယာပြန်ရရေး တောင်းဆိုနေသည့် မိကျောင်းကန် သပိတ်စခန်း။
- နိုင်ငံခြားသားများအတွက် ၅ နှစ်သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် ထုတ်ပေး။
- အထပ်မြင့် အဆောက်အအုံများ မဆောက်လုပ်ခင် အဆောက်အအုံနမှုနာ တင်ပြရမည်။
- ခွင့်ပြုမိန့်မရဘဲ ဆောက်လုပ်ထားသည့် ကန်ထရိုက်တိုက် ၁၀၀၀ ကျော်ကို ဒဏ်ငွေ အရေးယူပြီး ဆောက်လုပ်ခွင့်ပြု။
- သတ်မှတ်အလုပ်ချိန်ထက် ပိုခိုင်းသည့် စက်ရုံ ၂၀ ကျော်တွင် အထည်ချုပ်စက်ရုံ အများဆုံးပါဝင်။
- ခရမ်းမြို့နယ် လယ်သမား ၇၀ ကျော် စိုက်ပျိုးစရိတ် မရရှိသဖြင့် စုပေါင်းတောင်းဆို။
- ဗိုလ်ချုပ်အောင်ဆန်းပုံကို ဆန္ဒပြရာတွင် အသုံးပြုရင် အရေးယူနိုင်မည့် ပုဒ်မပါဝင်သည့် ၁၉၅၄ ခုနှစ် နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ အတည်ပြု။