A d v e r t i s e m e n t With Us

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်အာဏာသိမ်းပြီးနောက်အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းသွားတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က အတည်ပြုပြောပါတယ်။ 

ဒါ့အပြင် တိုင်းဥက္ကဋ္ဌဖြစ်တဲ့ သူ့ကိုလည်း လာခေါ်မယ်ဆိုတဲ့သတင်းတွေကြောင့် လိုက်ဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့လည်း ဦးကြည်မြင့်က ပြောပါတယ်။ 

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေအပါအဝင် မြို့နယ်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေအထိ စစ်တပ်က ခေါ်ယူထိန်းသိမ်း နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လက်ရှိမှာ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေကို ဘာကြောင့်ခေါ်ယူထိန်းသိမ်းနေတယ်ဆိုတာ မသိရသေးသလို ဘယ်အဖွဲ့ကနေ ခေါ်တယ်ဆိုတာလည်း မသိရသေးဘူးလို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up