ကရင်ပြည်နယ် ဘားအံမြို့မှာ ဖေဖော်ဝါရီ ၁၁ ရက်မနက် ၇ နာရီခွဲခန့်က စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ဆန္ဒထုတ်ဖော်မယ့် ဒေသခံပြည်သူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးပြီး ထိန်းသိမ်းခေါ်ဆောင်သွားပါတယ်။
စတုတ္ထမြောက်ရက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ပွဲအတွက် စုရပ်အဖြစ်သတ်မှတ်ထားတဲ့ အထက ၁ ကျောင်းရှေ့နဲ့ မြို့အဝင်တွေမှာ ရဲအင်အားအလုံးအရင်းနဲ့ လာရောက်တဲ့သူတွေကို စောင့်ဆိုင်းဖမ်းဆီးနေတယ်လို့ သိရပါတယ်။
အင်းအားသုံးဖမ်းဆီးရာမှာ ဒေသခံတွေ စီးနှင်းလာတဲ့ မော်တော်ယာဥ်၊ ဆိုင်ကယ်တွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဘားအံမြို့နယ်၊ နောင်လုံကျေးရွာမှာပြုလုပ်တဲ့ ကရင်အမျိုးသားနေ့အခမ်းအနားကို တက်ရောက်ဖို့ လာရောက်တဲ့ သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ရဲမင်းခေါင်