စစ်အာဏာရှင်ဆန့်ကျင်ရေး ပဲခူးအထွေထွေသပိတ်တွင် ဌာနဆိုင်ရာအားလုံးနီးပါးပါဝင်လာ
DVB
·
February 11, 2021
စစ်အာဏာရှင်အလိုမရှိကြောင်း ပဲခူးမြို့ရဲ့ စတုတ္ထနေ့ အထွေထွေ သပိတ်မှာ ထွေအုပ်ဝန်ထမ်းတွေအပြင် ဌာနဆိုင်ရာအားလုံးနီးပါ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပူးပေါင်းပါဝင်လာကြတယ်လို့ သိရပါတယ်။
သပိတ်မှာ ထွေအုပ်၊ ဆည်မြောင်း၊ သစ်တော၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအဖွဲ့ ဆေးကုမ္ပဏီတွေ နည်ပညာကျောင်းသားများအဖွဲ့၊ ရှေ့နေတွေ၊ မြန်မာမွန်ဆလင်အဖွဲ့၊ အင်ဂျင်နီယာအဖွဲ့၊ ပဲခူး generation z အဖွဲ့နဲ့ ပြည်သူ အင်အားသိန်း ချီဆန္ဒထုတ်ဖော်နေကြပါတယ်။
အောင်စိုးမိုး