လာမထုတ်သည့် ထီဆုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမည်
DVB
·
October 2, 2013
၂၀၁၂ အောက်တိုဘာလတုန်းက ဖွင့်ခဲ့တဲ့ ၂၈၅ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲက ပေါက်တဲ့ ထီဆုလက်မှတ် ၁၃၅၄ စောင်၊ ဆုငွေ စုစုပေါင်း တန်ဖိုးကျပ် သိန်း ၂၅၀၀ ကျော်ကို အောက်တိုဘာ ၃၁ ရက်နေ့အထိ လာမထုတ်ယူပါက ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းမယ်လို့ အောင်ဘာလေသိန်းဆု ဌာနခွဲက ဒီနေ့ ကြေညာပါတယ်။
လာရောက်မထုတ်ယူပဲ ကျန်ရစ်တဲ့ ထီဆုကြီးစာရင်းမှာ ကျပ်သိန်း ၁၅၀၀ တန် ၁ ဆု ပါတာမို့ ထူးခြားတဲ့ ဖြစ်ရပ်အဖြစ် ထီလုပ်ငန်းလုပ်ကိုင်သူတွေက ပြောဆိုနေကြပါတယ်။
အစိုးရဟာ အောင်ဘာလေထီဖွင့်ပွဲကို လစဉ်ကျင်းပနေပြီး ထီရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ဖွင့်လှစ်ပေးပြီး ၄၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံပါတယ်။