A d v e r t i s e m e n t With Us

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းဝန်ကြီးချုပ်ထံ အကူညီတောင်း

မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်ဆီက ဒီမိုကရေစီကို ထောက်ပံ့ရာမှာ ကူညီပေးရေး တောင်းဆိုထားတဲ့ စာတစောင်ကို လက်ခံရရှိထားတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဖေဖော်ဝါရီ ၁၀ ရက်မှာ  ပြောလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ဟာလည်း ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ရွေးကောက်ခံ ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့သူဖြစ်ပြီး သူ့အနေနဲ့ အိမ်နီးချင်းနိုင်ငံက ဒီမိုကရေစီကို အမြဲ ထောက်ပံ့အားပေးခဲ့တယ်လို့ မြို့တော်ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့က မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ဖြစ်စဉ်တွေကို ထောက်ပံ့ အားပေးနေပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ အရေးအကြီးဆုံးက ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားဖို့ပဲ။ ဘာကြောင့်လဲ ဆိတော့ ဒါက အခုလက်ရှိ နယ်စပ် ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ပြည်သူတွေအပေါ် သက်ရောက်တယ်”လို့ ဝန်ကြီးချုပ်  ပရာယွတ်သ်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဒီမိုကရက်တစ် လုပ်ငန်းစဉ်ကို ထောက်ခံတဲ့အကြောင်းနဲ့ ကျန်တာကတော့ ဘယ်လိုရှေ့ဆက်မယ်ဆိုတာ ကြည့်ဖို့က သူ့အပိုင်းပဲလို့ ပရာယွတ်သ်က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

စစ်အာအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာနိုင်ငံတဝန်းမှာ  ဆယ်နှစ်ကျော်အတွင်း အကြီးဆုံး လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဆန့်ကျင်သူတွေက သူရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ သိပ်မကြာခင် လပိုင်းတွေက ဖြစ်ပွားခဲ့ပါတယ်။

ကိုးကား- Bangkok Post

A d v e r t i s e m e n t With Us

More News
Up