တောင်တွင်းကြီးမြို့မှာ ဒီကနေ့ မနက်ပိုင်းက ပညာရေး၊ ကျန်းမာရေး၊ မီးရထား၊ စိုက်ပျိုးရေး၊ ဘဏ်ဝန်ထမ်း၊၊ သစ်တောဝန်ထမ်းတွေအပါအဝင် ဒေသခံပြည်သူများ အင်အားသိန်းချီပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်အလိုမရှိ၊ အမေစုကျန်းမာပါစေ၊ မတရားဖမ်းဆီး ထားသော အမေစုနှင့်သမ္မတကြီးအပါအဝင် ဖမ်းဆီးထားသူများ ချက်ခြင်း လွှတ်စတဲ့ ကြွေးကြော်သံတွေနဲ့ တောင်တွင်းကြီးမြို့လမ်းမကြီးတွေ ပေါ်လှည့်လည် ဆန္ဒပြကြပါတယ်။
အာဏာဖီဆန်တဲ့ လူထုလှုပ်ရှားမှဒ CDM မှာ တောင်တွင်းကြီးမြို့က ပညာရေး၊ ကျန်းမာရေး၊ မီးရထား၊ စိုက်ပျိုးရေး၊ ဘဏ်ဝန်ထမ်း၊ သစ်တောဝန်ထမ်းတွေပါဝင်လာကြပြီး ရုံးမတက်ဘဲ စစ်အစိုးရကို ဆန့်ကျင်နေကြတာပါ။