ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ လူငါးယောက်ထက်မစုရအမိန့်ကိုဆန့်ကျင်ပြီး ဌာနဆိုင်ရာ၀န်ထမ်းတွေနဲ့ ပြည်သူ တစ်သိန်းကျော် ဒီနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်အစိုးရအလိုမရှိ၊ အမေစုနဲ့ဖမ်းဆီခံအစိုးရခေါင်းဆောင်များ ချက်ခြင်းလွှတ်၊ ပြည်ထောင်စုလွှတ်တော်ခေါ်ယူပေးရေးစတဲ့ အချက်တွေကို ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
မနေ့ကဆန္ဒပြပွဲမှာ ဌာနဆိုင်ရာ၀န်ထမ်းတွေမပါပေမယ့် ဒီနေ့မှာတော့ ပညာရေးဌာန၊ ကျန်မာရေးဌာန၊ လျှပ်စစ်ဌာန၊ စည်ပင်ဌာနနဲ့ အစိုးရဘဏ်၀န်ထမ်းတွေအပြင် ပုဂ္ဂလိကဘဏ်၀န်ထမ်းတွေပါ ပါ၀င်လာတာတွေ့ရပါတယ်။
ဆန္ဒပြပွဲကို ရဲတပ်ဖွဲက လမ်းကြောင်းပိတ်ဆို့ထားပေမယ့် နောက်ပိုင်းမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဆန္ဒပြဦးဆောင်သူတွေကိုတော့ ညပိုင်းမှာ ရဲတွေက အိမ်တွေလာရောက်ဖမ်းဆီတာကြောင့် ရှောင်တိမ်းနေရကြောင်း သိရပါတယ်။
ကိုထက် (မိုးကောင်း)