ကင်ညာ အကြမ်းဖက်ခံရမှုတွင် ထောက်လှမ်းရေး အားနည်ချက် ရှိမရှိ စုံစမ်းမည်

Photo by Reuters
ကင်ညာနိုင်ငံ နိုင်ရိုဘီ မြို့မှာ အရင်တပတ်က ဖြစ်ပွားတဲ့ လူ ၆၇ ဦး သေဆုံးသွားခဲ့တဲ့ ကုန်တိုက် တိုက်ခိုက်မှုမှာ ထောက်လှမ်းရေး အားနည်းချက်တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ မနေ့က ပြောပါတယ်။ အမျိုးသား စီမံခန့်ခွဲရေးနှင့် လုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီက အမတ်တွေဟာ ကုန်တိုက်ကို သွားရောက်လေ့လာခဲ့ကြပြီး စုံစမ်းစစ်ဆေးတာတွေကို အောက်တိုဘာ ၁ ရက်နေ့ စတင်မယ်လို့ ပြောပါတယ်။ [caption id="attachment_44180" align="alignleft" width="274" caption="Photo by Reuters"][/caption]“ကျနော်တို့ အတည်ပြုပြောပြချင်တာကတော့ လွှတ်တော်အနေနဲ့ ဒီကိစ္စကို အထူး အလေးအနက်ထားပါတယ်။ ကျနော်တို့ ကော်မတီနှစ်ရပ် ပူးပေါင်းထားတဲ့ ပူးတွဲ ကော်မတီက မနက်ဖြန်ကစပြီး စစ်ဆေးမှုတွေ စလုပ်သွားမှာပါ” လို့ လွှတ်တော် အမျိုးသားလုံခြုံရေးနဲ့ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ Asman Kamama အက်စ်မန်က သတင်းထောက်တွေကို ပြောပါတယ်။ “ကင်ညာနိုင်ငံသားတွေနဲ့ တခြား ဘယ်သူပဲ ဖြစ်ဖြစ် ကော်မတီကို သတင်းအချက်အလက်တွေ ပေးနိုင်တာရှိရင် ပေးဖို့ ဒီကနေ့ ကြေညာထားပြီးပါပြီ။ ဒါဆို ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ စနိုင်ပြီးတော့ အဖြစ်အပျက်တွေရဲ့ အရင်းအမြစ်ကို ကျနော်တို့ သိနိုင်မှာပါ” လို့ ဆက်ပြောပါတယ်။ အယ်လ်ကေဒါအဖွဲ့နဲ့ ဆက်စပ်တဲ့ ဆိုမာလီယားရဲ့ အယ်လ်ရှာဘတ် အဖွဲ့က သူတို့ လက်ချက်ဖြစ်တယ်လို့ ကြေညာထားတဲ့ ဒီတိုက်ခိုက်မှုဟာ ၁၉၉၈ ခုနှစ်က လူ ၂၀၀ ကျော်သေခဲ့ရတဲ့ နိုင်ရိုဘီက အမေရိကန် သံရုံးကို အယ်ကေဒါ အရှေ့ အာဖရိက အုပ်စုရဲ့ ဗုံးခွဲတိုက်ခိုက်မှု နောက်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်ပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေး ထိပ်တန်းခေါင်းဆောင်တွေက ကြိုတင်သတိပေးချက် ရခဲ့တယ်လို့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေတဲ့ အမတ်တွေက ပြောပါတယ်။ မစ္စတာ ကာမာမာက သူ့ရဲ့ ကော်မတီဟာ လုံခြုံရေး အရာရှိချုပ်တွေ လုပ်ငန်းခွင်မှာ အိပ်နေသလားဆိုတာ ရှာဖွေမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကော်မတီဟာ အစီရင်ခံစာတရပ်ကို အကြမ်းရေးဆွဲသွားမှာ ဖြစ်ပြီး အစီရင်ခံစာထဲမှာတော့ ကင်ညာ အနေနဲ့ နယ်စပ်ဒေသတွေမှာ ဒုက္ခသည်စခန်းတွေ လက်ခံပံ့ပိုးတဲ့ ဧည့်ဝတ်ကျေမှုကို ပြန်လည်သုံးသပ်ဖို့ ပါဝင်တဲ့ အကြံပြုချက်တွေ ပေးသွားမှာ ဖြစ်ပါတယ်။ ကင်ညာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကို လက်ခံထားတာပါ။ ကင်ညာ အရှေ့ပိုင်းမှာ ရှိတဲ့ Dadaab ဟာ ဒုက္ခသည် ၅ သိန်းကျော်ကို လက်ခံထားပါတယ်။ အများစုကတော့ ဆယ်စုနှစ် ၂ စုကြာ မြင့်နေပြီဖြစ်တဲ့ အကြမ်းဖက်မှုတွေကြောင့် နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးလာတဲ့ ဆိုမာလီ ဒုက္ခသည်တွေပါ။ ကင်ညာ အစိုးရက ဒုက္ခသည်စခန်းတွေဟာ အယ်လ်ရှာဘတ် အဖွဲ့အတွက် လူသစ်စုဆောင်းတဲ့ နေရာဖြစ်နေတယ်လို့ ပြောပြီး ဆိုမာလီ အစိုးရနဲ့ အကူအညီပေးရေး အေဂျင်စီတွေကို ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ဖိအားပေးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေကိုတော့ တလအတွင်း ထုတ်ပြန်သွားမယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

More News
Up