တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ဒေသခံ ပြည်သူတစ်သိန်းလောက်ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ စတုတ္ထ မြောက်နေ့အဖြစ် ဆန္ဒပြသပိတ်မှောက်မှုမှာ ပညာရေးဝန်ထမ်းတွေ၊ ဥပဒေပ ပညာရှင် အဖွဲ့စည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ မြေစာရင်းဦးစီးဌာန၊ အင်ဂျင်နီယာ အဖွဲ့စည်းတွေ ၊ ကျောင်းသား တွေနဲ့ ပြည်သူတွေ စုပေါင်းဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒထုတ်ဖော်မှုကို ရဲတပ်ဖွဲ့အနေနဲ့ တားဆီးပိတ်ပင်မှုတွေရှိခဲ့ပြီး ဆန္ဒပြ ပြည်သူတွေကလည်း အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းလမ်းကိုရွေးချယ်ကာ တားဆီးပိတ်ပင်မှု ပြုလုပ်တဲ့လမ်းကနေ မသွားတော့ပဲ တခြားလမ်းတွေကနေ ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့တာကို တွေ့မြင်ရပါတယ်။
တနင်္သာရီတိုင်း အတွင်းက မြို့နယ်အသီးသီးမှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို အရှိန်ဟုန်မြှင့် ဆက်လက်ဆောင်ရွက်လာတာကိုတွေ့မြင်နေရပါတယ်။