အင်ဂျင်နီယာ အင်အားသောင်းချီပါဝင်တဲ့ အင်ဂျင်နီယာတပ်ပေါင်းစုသပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီမှာ ရန်ကုန်မြို့ အင်းစိန်လမ်းနဲ့ ပါရမီလမ်းထောင့်ကနေ စတင်ခဲ့ပါတယ်။
စစ်အစိုးရက လူ ၅ ဦးထက်ပိုမစုဖို့ ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် အင်ဂျင်နီယာတွေ၊ အင်ဂျင်နီယာ တက္ကသိုလ်ကျောင်းသားတွေက မူလအစီအစဉ်အတိုင်း သပိတ်ကိုဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်အလိုမရှိ၊ ဖမ်းဆီးထားတဲ့ အရပ်သားခေါင်းဆောင်တွေကို ပြန်လွှတ်ပေး၊ ရွေးကောက်ခံကိုယ်စားလှယ်တွေကို အာဏာအမြန်ပြန်လွှဲပေးရေး စတာတွေကို အင်ဂျင်နီယာတွေက တောင်းဆိုခဲ့ပါတယ်။
အင်ဂျင်နီယာတပ်ပေါင်းစုသပိတ်လမ်းကြောင်းဟာ သမိုင်းပါရမီကနေ ကမာရွတ်မြို့နယ်၊ လှည်းတန်းက တခြားသပိတ်အင်အားစုတွေနဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။
ရိုက်ကူး - ဇေယျာချမ်းအေး၊ နေလင်းအောင်