Home
မြန်မာသတင်း
ထိုင်းမြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်းမီးလောင် အိမ်ခြေ ၁၀၀ ကျော်ပါသွား
DVB
·
February 10, 2021

ထိုင်းမြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်းမီးလောင် အိမ်ခြေ ၁၀၀ ကျော်ပါသွား

ဒီဗွီဘီ

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်က မယ်လကျေးရွာဒုက္ခသည်စခန်းမှာ ယမန်နေ့ည ၉ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွါးပြီး အိမ်ခြေ အလုံး ၁၀၀ ကျော် မီးထဲပါ သွားတယ်လို့  သနေရှင်းထိုင်းသတင်းမှာ ဖော်ပြပါတယ် ။

မီးစလောင်တာနဲ့ စခန်းထဲကလူတွေဟာ သူတို့ကိုယ်တိုင် မီးငြိမ်းသတ်ဖို့ ကြိုးစားသလို မီးသတ်ဌာနကိုချက်ချင်းဆက်သွယ်ခဲ့ကြောင်း ၊  မီးသတ်ကား ၂ စီး လာရောက်ငြိမ်းသတ်ခဲ့ပေမယ့် နေအိမ်အများစုဟာ  အင်ဖက်မိုးတဲ့ တဲအိမ်တွေဖြစ်တော့ လောင်စာလိုဖြစ်နေပြီး မီးရှိန်ပြင်းကာ နေအိမ်အလုံး ၁၀၀ ကျော်ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ် ။

ထိခိုက်ဒဏ်ရာရသူရှိမရှိတော့ သတင်းမှာဖော်ပြထားခြင်းမရှိပါဘူး ။ မီးလောင်ရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေ စုံစမ်းဆဲဘဲလို့ ဆိုပါတယ် ။

မယ်လ ဒုက္ခသည်စခန်းမှာ လူပေါင်း ၃၇၀၀၀ ကျော်ရှိပြီး ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေ ထဲမှာ အကြီးဆုံးစခန်းကြီးဖြစ်ပါတယ် ။ အများစုဟာ ကရင်တိုင်းရင်းသားတွေဖြစ်ပြီး လွန်ခဲ့သော နှစ် ၃၀ ကျော်က မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ်ကြောင့်ထိုင်းဘက်ခြမ်းကို ခိုလှုံရာက တစတစလူတွေများလာပြီး နေအိမ်ပေါင်း ထောင်ချီရှိလာတာဖြစ်ပါတယ် ။

ကိုးကား - nation tv

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024