မန္တလေး ၃၈ လမ်း၊ ၇၃ လမ်းနှင့် ၇၈ လမ်းကြား၌ စစ်တပ်နှင့် ရဲအင်အား အလုံးအရင်း ချထား
မန္တလေးမြို့က အာဏာရှင်စနစ်ပြုတ်ကျရေး ဆန္ဒပြသူတွေ အများဆုံး စုဝေးတဲ့ ၃၈ လမ်း ၇၃ လမ်းနဲ့ ၇၈ လမ်းကြားကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်သားအင်အား၊ ရဲအင်အား အလုံးအရင်းနဲ့ လုံခြုံရေးချထားပါတယ်။
အဲ့ဒီလမ်းမှာပဲ ဖေဖော်ဝါရီ ၉ ရက်နေ့က စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။
ဒီကနေ့မှာတော့ ရဲတပ်ဖွဲ့ သာမက စစ်တပ်ကလည်း အသင့်အနေအထားရှိနေတာကို တွေ့ရပါတယ်။