တွံတေးတွင် မြန်မာ-ဂျပန် ပူးပေါင်းဆန်စက်ဇုန် တည်ထောင်မည်
DVB
·
October 1, 2013
မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း MAPCO နဲ့ ဂျပန်နိုင်ငံ မစ်ဆူအီ ကုမ္ပဏီတို့ ပူးပေါင်းပြီး ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာ Myanmar Japan Rice Industry လို့ ခေါ်တဲ့ ပူးပေါင်းဆန်စက်ဇုန်တခု တည်ထောင်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူ ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဇုန်မှာ ဆန်စက်တွေ ဆီစက်တွေ တည်ပြီး ၂၀၁၅ ခုနှစ်ကစပြီး ၁ နှစ်ကို ဆန်တန်ချိန် ၁ သိန်းနဲ့ ဖွဲနုဆီ တန်ချိန် ၅ သောင်း ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက် ဖြန့်ဖြူးသွားမယ်လို့ သိရပါတယ်။
ဒီစီမံကိန်းအတွက် မက်ပိုက အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ မစ်ဆူအီက ၄၉ ရာခိုင်နှုန်း ထည့်ဝင်မှာဖြစ်ပြီး ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။
လက်ရှိ တွံတေးမှာ တည်ဆောက်မယ့် စက်ရုံကို အိန္ဒိယကုမ္ပဏီ ၁ ခုက တင်ဒါအောင်ထားပြီး၊ အလားတူ ဆန်စက်ဇုန်မျိုး ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော်မှာ ဆက်ပြီး အကောင်အထည်ဖော်သွားဖို့ ရှိတယ်လို့ ဒေါက်တာစိုးထွန်းက ရှင်းပြပါတယ်။