ပုံနှိပ်နှင့် အသံလွှင့် ရုပ်သံ မီဒီယာ စီးပွားရေး ပူးတွဲ မလုပ်ရ
DVB
·
October 1, 2013
ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ မကြာမီ တင်သွင်းမယ့် ရုပ်မြင်သံကြားနှင့် အသံလွှင့်္ခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) မှာ ပုံနှိပ်မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေ ရုပ်မြင်သံကြားနဲ့ အသံလွှင့်လုပ်ငန်းကိုပါ ပူးတွဲလုပ်ကိုင်ခြင်း မပြုဖို့အချက် ထည့်သွင်းထားတယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာန ညွှန်ချုပ် ဦးတင့်ဆွေက ပြောပါတယ်။
[caption id="attachment_20583" align="alignright" width="300" caption="ဦးတင့်ဆွေ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]စက်တင်ဘာ ၃၀ ရက် ရန်ကုန် အင်းလျားလိပ်ဟော်တယ်မှာ ကျင်းပတဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာပါ။
လောလောဆယ် သတင်းစာ၊ ဂျာနယ် တွေထုတ်ဝေနေတဲ့ အလဲဗင်းမီဒီယာဂရု၊ ဆဲဗင်းဒေး သတင်းစာနဲ့ မက်ဆင်ဂျာ ဂျာနယ် ထုတ်ဝေနေတဲ့ မိုးဆမ်းပန်း မီဒီယာ တို့ဟာ ရုပ်သံလုပ်ငန်း ဆက်ပြီး လုပ်ဖို့ စမ်းသပ်လုပ်ကိုင်နေကြပါတယ်။
ဦးတင့်ဆွေက ဒါဟာ တန်းတူညီတူ ဖွံ့ဖြိုးလာအောင် ထည့်သွင်းထားတာ ဖြစ်ပြီး လက်ရှိ ရုပ်သံနဲ့ အသံလွှင့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဖော်အဲဗား မီဒီယာနဲ့ ရွှေသံလွင်တို့ဟာလည်း ပုံနှိပ်မီဒီယာ လုပ်ငန်း လုပ်ကိုင်ခွင့်ရမှာ မဟုတ်ဘူးလို့ ရှင်းလင်းခဲ့ပါတယ်။