တနင်္သာရီတိုင်း မြိတ်မြို့မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲမှာ ပြည်သူ့ဘက်ကရပ်တည်မယ်ဆိုပြီး တက်ရောက် ဟောပြောသွားတဲ့ ရဲတပ်သား တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဆိုပါ ရဲတပ်တပ်သား ထွန်းအောင်လင်းဟာ မြိတ်မြို့ သပိတ်စစ်ကြောင်း စုရပ်ဖြစ်တဲ့ မြစ်ငယ်ရပ်နဲ့ ကန်ဖျား လမ်းမကြီး ပေါ်မှာရှိတဲ့ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်ရှေ့မှာ ဝင်ရောက် ဟောပြောခဲ့တာလည်းဖြစ်ပါတယ်။
အခုလို ဟောပြောမှုကြောင့် မြိတ်မြို့နယ် ရဲစခန်းက တာဝန်ရှိသူတွေက အဆိုပါ ရဲတပ်သားကို ဒီကနေ့မှာပဲ သွားရောက် ခေါ်ယူကာ ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။