Home
သတင်းဓာတ်ပုံ
တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲ လူအင်အား ပိုများလာ
DVB
·
February 9, 2021

ရန်ကုန်မြို့နယ်တချို့ကို ညမထွက်ရအမိန့်နဲ့ လူ ၅ ဦးထက်ပိုပြီး လူမစုဖို့ ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ တောင်ဒဂုံမြို့နယ်က စစ်အာဏာရှင်စနစ်ကျဆုံးရေးဆန္ဒပြပွဲမှာ အရင်နေ့ထက်ပိုများတဲ့အင်အားနဲ့ ပြည်သူတွေဆန္ဒပြနေကြပါတယ်။

တပ်မတော်ကနေ ဖေဖော်ဝါရီလ၁ရက်နေ့က အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူလိုက်ပြီးနောက် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ တက်ကြွလှုပ်ရှားသူတချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြမှုတွေ ပြုလုပ်နေတာပါ။ 

တောင်ဒဂုံမြို့နယ်မှာတော့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ဒီမိုကရေစီရရှိဖို့၊ အာဏာရှင်စနစ်ကျဆုံးရေး၊ ပြည်သူ့လွှတ်တော်ချက်ချင်းခေါ်ယူရေး၊ အဖမ်းဆီးခံခေါင်းဆောင်တွေ ချက်ချင်းလွှတ်ပေးဖို့ စတဲ့တောင်းဆိုမှုတွေကို လူအင်အား သောင်းနဲ့ချီဆန္ဒပြခဲ့ကြပါတယ်။

လက်ရှိမှာတော့ စစ်အစိုးရဘက်ကနေ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားသလို လူ ၅ ဦးထက်ပိုမစုဖို့ ထုတ်ပြန်ထားပေမယ့် ဆန္ဒပြလူငယ်တွေနဲ့ အလုပ်သမားတွေကတော့ ဒီအမိန့်တွေအပေါ် ကြောက်ရွံ့မှုမရှိဘူးလို့လည်း ပြောပါတယ်။

စိုးမိုးအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024