Home
မြန်မာသတင်း
ရန်ကုန်တိုင်း​ဒေသကြီးလွှတ်​တော် ကိုယ်စားပြု​ကော်မတီဖွဲ့စည်းကြောင်း ကြေညာ
DVB
·
February 8, 2021

ရန်ကုန်တိုင်း​ဒေသကြီးလွှတ်​တော် ကိုယ်စားပြု​ကော်မတီ (Committee Representing Yangon Hlattaw- CRYH) ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းကြောင်း ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ကြေညာလိုက်ပါတယ်။

အဆိုပါ​ကော်မတီဟာ ရန်ကုန်တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ်တွေရဲ့ သ​ဘောထား ထုတ်ပြန်ချက် (၁/၂၀၂၁) ပါ ​တောင်းဆိုချက်တွေကို အ​ကောင်အထည်​ဖော်ဖို့နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်​တော်နဲ့ သက်ဆိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာအရပ်ရပ်ကို တာ၀န်ခံ​ ဆောင်ရွက်သွားမယ်လို့လည်း ကြေညာပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ CRYH ကော်မတီအနေနဲ့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ တသားတည်း ရပ်တည်ပူးပေါင်းဆောင်ရွက်မယ့် တရားဝင်အဖွဲ့အစည်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ ကလည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းထားပြီး  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ခေါင်းဆောင်တဲ့ ပြည်ထောင်စု အစိုးရသာလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ကြေညာထားပါတယ်။

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဒီကနေ့ မြန်မာနိုင်ငံအနှံ့ အနည်းဆုံး မြို့ပေါင်း ၁၀၀ ကျော်မှာပြုလုပ်နေပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေ နိုင်ငံဝန်ထမ်းတွေ ပူးပေါင်းပါဝင် ဆန္ဒပြနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024