အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့များ တွေ့ဆုံ
ရွှေအောင်
·
September 30, 2013
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အစိုးရနဲ့ လယ်သမား၊ အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော် ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
[caption id="attachment_44059" align="alignright" width="300" caption="ဦးနေမျိုးဇင်"][/caption]
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် အစိုးရအနေနဲ့ ကူညီ လုပ်ဆောင်ပေးဖို့ သဘောတူညီချက်အချို့ ရရှိခဲ့တယ်လို့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ကို ဦးဆောင်လုပ်ကိုင်သူ ဦးနေမျိုးဇင်က ပြောပါတယ်။
ဆိုလာစနစ်နဲ့ ကျေးရွာမီးရရှိရေးနဲ့ ကွန်ပျုတာအခြေခံသတင်တန်းတွေပေးရေး စတဲ့ ကွန်ရက်လုပ်ငန်းတွေကို အစိုးရက ငွေကြေးထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လယ်မြေနဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ အဖွဲ့အစည်းအတော်များများက ဝေဖန်ထောက်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။
မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ကို ဦးဆောင်လုပ်ကိုင်သူ ဦးနေမျိုးဇင်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။