Home
မြန်မာသတင်း
မန္တလေး ခုတင် ၅၅၀ ကလေးဆေးရုံဝန်ထမ်းများ အကြမ်းမဖက်အာဏာဖီဆန်
DVB
·
February 8, 2021

မန္တလေးမြို့၊ ၆၆လမ်း၊၂၇-၂၈ လမ်းကြားမှာရှိတဲ့ ခုတင် ၅၅၀ ကလေးဆေးရုံက ကျန်းမာရေး ဝန်ထမ်းတွေဟာ အကြမ်းမဖက် အာဏာဖီဆန်တဲ့လူထုလှုပ်ရှားမှု CDM အစီအစဉ်မှာ အားလုံး ပူးပေါင်းပါဝင်လိုက်ပြီဖြစ်လို့  အဆိုပါဆေးရုံကို လုံးဝ ပိတ်ထားလိုက်ပြီလို့ ကျန်းမာရေးဝန်ထမ်းတွေထံက သိရပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာမှ ဆေးရုံကို ပြန်ဖွင့်မယ်လို့ သိရပါတယ်။

ဆေးရုံ ပိတ်ထားလိုက်ပြီ ဖြစ်ပေမယ့် သာမန်လူနာတွေကိုရော၊ နာတာရှည် လူနာတွေကိုပါ ပြင်ပက ဆေးခန်းတွေမှာ အခမဲ့ ဆက်လက်ကုသပေးနေတယ်လို့ ကလေးဆေးရုံကြီးရဲ့ အထူးကု ဆရာဝန်ကြီး တစ်ဦးကပြောပါတယ်။

မန္တလေး မြို့မှာရှိတဲ့ အစိုးရဆေးရုံကြီးတွေက ကျန်းမာရေး ဝန်ထမ်း အများစုဟာ CDM အစီအစဉ်မှာ ပါဝင်နေကြပြီ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ပြင်ပဆေးခန်းတွေ၊ပုဂ္ဂလိက ဆေးရုံတွေ အနေနဲ့လည်း ဆေးကုသမှု ပေးရာမှာ ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ ကုန်ကျစားရိတ် ဖြေလျှော့ကုသပေး နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024