ပထမဆုံး အထူးမြို့ပတ်ရထား ပြေးဆွဲသည့်အခမ်းအနား ကျင်းပ (ဓာတ်ပုံ)
DVB
·
September 30, 2013
အောက်တိုဘာ ၁ ရက် နေ့ စတင် ပြေးဆွဲမည့် ပထမဆုံး အထူးမြို့ပတ်ရထား စမ်းသပ် ပြေးဆွဲတဲ့အခမ်းအနားကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး အရင် ရိုးရိုး မြို့ပတ်ရထားကို လူ ၁ ဦး ကျပ် ၁၀၀ နှုန်းနဲ့ ပြေးဆွဲခဲ့ပြီး အခု အဲယားကွန်ပါတဲ့ အထူးမြို့ပတ်ရထားကို လူ ၁ ဦး ကျပ် ၄၀၀ သတ်မှတ်ထားပြီး နိုင်ငံခြားသား ၁ ဦးကို အမေရိကန် ၂ ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/Train/]