စစ်အာဏာရှင်ဆန့်ကျင်ရေး ပူတာအိုမြို့ က တက်ကြွလူငယ်များ၏ ဆိုင်ကယ်စီးလှုပ်ရှားမှု
DVB
·
February 8, 2021
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ကချင်ပြည်နယ်အတွင်းက ပူတာအိုမြို့မှာ ၇ ရက်နေ့ည ၈ နာရီက စပြီး တက်ကြွလူငယ်တွေ ဦးဆောင်ကာ အင်အား ၁၀၀ ကျော်လောက် ဆိုင်ကယ်စီး ပြုလုပ်နေပါတယ်။
ဆိုင်ကယ်စီးပြီး ဟွန်းတီးတာ၊ သံအိုး၊ သံခွက်တွေ တီးပြီး ဆိုင်ကယ်စီးလှုပ်ရှားမှု ပြုလုပ်နေတဲ့ ပူတာအိုဒေသခံလူငယ်များကို လမ်းတစ်လျှောက်မှာ ပြည်သူနဲ့ ပြည်သူ့၀န်ထမ်း တွေက လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြတယ်လို့ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။