Home
မေးမြန်းခန်း
မွန်ညီညွတ်ရေးပါတီက အာဏာသိမ်းစစ်အစိုးရ၏ကမ်းလှမ်းချက်ကို ဘာကြောင့်လက်ခံခဲ့ပါသလဲ - မေးမြန်းချက်
DVB
·
February 8, 2021

မွန်ညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာဗညားအောင်ကို အာဏာသိမ်းစစ်အစိုးရဲ့ အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ တာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို ပါတီက ဘာကြောင့် လက်ခံခဲ့ပါသလဲ၊ မွန်ညီညွတ်ရေးပါတီရဲ့ တွဲဘက်အတွင်းရေးမှူး-၁ နိုင်လယိတကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အခု Facebook ပေါ်မှာ တက်နေတဲ့သတင်းနဲ့ပတ်သက်ပြီး ဆရာ့ဆီက confirm လေးလှမ်းလုပ်တာပါဆရာ။ အဲဒါ ဟုတ်ပါသလားဆရာ။

ဖြေ ။ ။ ကျနော်လည်း မတွေ့မိဘူး။ ဘာများလဲ။‌

မေး ။ ။ အုပ်ချုပ်ရေးကောင်စီမှာ ပါ၀င်ဖို့လေ။ စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တယ်ဆိုတဲ့သတင်းပါဆရာ။

ဖြေ ။ ။ အဲ့သတင်းက ဟုတ်ပါတယ်။ ကျနော်တို့ ဗဟိုအလုပ်မှုဆောင်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာ ဗညားအောင်မိုးကို အဲဒီကောင်စီမှာပါ၀င်ဖို့ တာ၀န်ပေးထားတာ မှန်ပါတယ်ဗျ။

မေး ။ ။ဒီအစည်းအဝေးဆုံးဖြတ်ချက်အရ ထပ်ပြီးဘာတွေများ ညှိနှိုင်း ဆုံးဖြတ်ခဲ့တယ်ဆိုတာ ပြောပြပါဦးဆရာ။

ဖြေ ။ ။ ဒီအစည်းအဝေးမှာ အဲဒီကမ်းလှမ်းချက်အပေါ်မှာ ကျနော်တို့ အခြေအနေ ဆွေးနွေးသုံးသပ်ပြီးတော့ နောက်ဆုံး ဒီဆုံးဖြတ်ချက်အတိုင်းပဲ တူညီသဘောတူ ချမှတ်ခဲ့တာပါ။

မေး ။ ။ ဒီအပေါ်မှာရော ပြည်သူတွေကို လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေပေါ်မှာ တခြားဖြည့်စွက်ပြီးတော့ ဘာများပြောချင်ပါသေးလဲဆရာ။

ဖြေ ။ ။မွန်ပြည်သူတွေကို ပြောလိုတာက ကျနော်တို့ဟာ သမိုင်းအတွေ့အကြုံအရ ထိပ်တိုက်ရင်ဆိုင်တွေ့ရေးကို ရှောင်လွှဲချင်လို့၊ သွေးချောင်းစီးတဲ့လမ်းကြောင်းကို ကျနော်တို့ ရှောင်လွှဲချင်လို့ ပြီးတော့ ဒီတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ကျနော်တို့က ရွေးချယ်တာပါ။ ဆိုလိုချင်တာက သမိုင်းအတွေ့အကြုံအရ ကျနော်တို့က အစိုးရအဆက်ဆက်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။ တိုင်းရင်းသားပြည်သုတွေ အသက်ပေးခဲ့တယ်။ သွေးချောင်းစီးခဲ့တယ်။ တိုင်းရင်းသားပြည်သူတွေက အသက်‌တွေသာ စတေးခံလိုက်ရတယ်၊ နိုင်ငံရေးရလဒ်တွေအရ ဒီအချိန်အထိ ဘာမှ မရလာဘူး။ အဲတော့ ဒီအလှည့်အကွေ့မှာ ကျနော်တို့က ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းကို ရှောင်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုကနေတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြည့်စွက်၊ ညှိနှိုင်း၊ ဆွေးနွေး၊ အဖြေရှာတဲ့ လမ်းကြောင်းကိုပဲ ရွေးချယ်သွားသင့်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျနော်တို့ ဒီလိုဆုံးဖြတ်ရခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ မွန်တိုင်းရင်းသားတွေကို ကျနော်တိုက်တွန်းချင်တာက စိတ်အေးအေး၊ သွေးအေးအေးထားပြီးတော့ စဉ်းစားကြပါလို့ တိုက်တွန်းချင်ပါတယ်။

မေး ။ ။ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024