မွန်အမျိုးသားနှီးနှောဖလှယ်ပွဲ (ဓာတ်ပုံ)
DVB
·
September 28, 2013
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပထမဆုံးအကြိမ် မွန်အမျိုးသားနှီးနှောဖလှယ်ပွဲကို စက်တင်ဘာ ၂၈ ရက်ကနေ စတင်ပြီး ၃ ရက်ထိ ကျင်းပနေပါတယ်။
မော်လမြိုင်မြို့က ပြည်နယ်ခန်းမမှာ ကျင်းပတဲ့ အဲဒီ ကွန်ဖရင့်ကို အနယ်နယ်အရပ်ရပ်က မွန်တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ သံဃာတော်တွေနဲ့ လေ့လာသူ ၄၀၀ လောက် တက်ရောက် ခဲ့ကြပါတယ်။
မွန်ပြည်သစ်ပါတီရဲ့ ဥက္ကဋ္ဌ နိုင်ထောမွန်က သဘာပတိအဖြစ် အခမ်းအနားမိန့်ခွန်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် တို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။
အဲ့ဒီကွန်ဖရင့်ကို မွန်အမျိုးသားညီလာခံတရပ် ကျင်းပနိုင်ဖို့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့၊ မွန်တမျိုးသားလုံးစည်းလုံးညီညွတ်ဖို့နဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့  ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/Mon National Conf/]