တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ကချင်ပြည်နယ် ဖားကန့်ကပြည်သူထောင်နဲ့ချီ ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် မနက်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ကနဦး ဆန္ဒဖော်ထုတ်သူ အယောက် ၅၀ က စတင်ခဲ့ပြီးနောက် လူပေါင်းထောင်နဲ့ချီ ပူးပေါင်းဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒဖော်ထုတ်သူတွေဟာ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ အမေစု ချက်ချင်းလွှတ်၊ သမ္မတကြီးကို ချက်ချင်းလွှတ် စတဲ့ စာသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။
ဆန္ဒဖော်ထုတ်သူတွေဟာ ဖားကန့်မြို့တွင်းမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြတာဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မနက် ၁၁ နာရီလောက်မှာ ဖားကန့်မြို့နယ်လုံးဆိုင်ရာ အထွေထွေသပိတ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ ဆန္ဒဖော်ထုတ်သူတွေက ပြောထားပါတယ်။