ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက် ၈ နာရီအချိန်ကစတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေး မြို့ခံ ပြည်သူ အင်အား ၅ သောင်းကျော်လောက်က ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြတဲ့ ပြည်သူတွေဟာ ပုသိမ်မြို့ပေါ်လမ်းတွေကို လှည့်လည်ဆန္ဒပြခဲ့ပြီး ပုသိမ်မြို့တော်ခန်းမရှေ့နဲ့ တိုင်အစိုးရအဖွဲ့ရုံးရှေ့တွေကိုတော့ ရဲအင်အား ရာချီ လုံခြုံရေးရယူထားတာကြောင့် ဖြတ်ခွင့်မရရှိခဲ့ပါဘူး။
ဆန္ဒပြသူတွေဟာ မနက် ၈ နာရီကနေ ၁၀ နာရီအထိနဲ့ မွန်လွဲ ၁ နာရီကနေ ၃ နာရီအထိ ရဲတပ်ဖွဲ့လုံခြုံရေးယူထားတဲ့ လမ်းကရှောင်ပြီး ကျန်တဲ့ မြို့ပေါ်လမ်းတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြတဲ့ပြည်သူတွေကို လမ်းဘေးကနေ လက်ခုပ်တီးအားပေးသလို သောက်ရေသန့်နဲ့ အချိုရည်ဘူးတွေ ပေးပြီး အပြန်အလှန် လက် ၃ ချောင်းထောင်နူတ်ဆက်တာတွေ လည်း ပြုလုပ်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆန္ဒပြပွဲကို ပုသိမ်မှာ ဒီနေ့မနက်ပိုင်းက လူအင်အား ၅ သောင်းကျော်နဲ့ ပြုလုပ်ခဲ့သလို ဧရာဝတီတိုင်းအတွင်းက မြို့နယ်တော်တော်များများမှာ လူအင်အားထောင်နဲ့ချီပြီ ပြုလုပ်ခဲ့ကြပါတယ်။
မင်းထက်မုန်း