Home
Lead Story
မြင်းခြံတက္ကသိုလ်ဆရာများနှင့် ကျောင်းသားများက အာဏာသိမ်းအစိုးရကို ဆန့်ကျင်ကန့်ကွက်
DVB
·
February 5, 2021

တပ်မတော်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ မြင်းခြံတက္ကသိုလ်က ဆရာ၊ ဆရာမ ၁၀၀ ဝန်းကျင် အပါအဝင် တက္ကသိုလ်ဝန်ထမ်းတွေ စုပေါင်းပြီး ဒီကနေ့ က  ဖဲကြိုးနီ ကမ်ပိန်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

မြင်းခြံမြို့က တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေကလည်း  စုပေါင်းပြီး အာဏာသိမ်းအစိုးရကို ဆန့်ကျင်ကြောင်းနဲ့  Civil Disobedience Movement ကို ထောက်ခံကြောင်းလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

မြင်းခြံတက္ကသိုလ်က  နေ့ကျောင်းနဲ့ အဝေးသင်ကျောင်းသူ၊ ကျောင်းသားတွေ စုပေါင်းပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့က စတင် ပြုလုပ်ခဲ့တာပါ။ 

“ကျွန်တော်၊ ကျွန်မတို့ မြင်းခြံတက္ကသိုလ် ကျောင်းသားကျောင်းသူများသည် ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စစ်အာဏာရှင်၏ အတင်းအဓမ္မ အာဏာသိမ်းယူခြင်းနှင့် လက်ရှိ တည်ဆဲအစိုးရကို ထိန်းချုပ်ပြီး ဥပဒေနည်းလမ်းမကျ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနေခြင်းကို ကန့်ကွက်ပါသည်။ ယနေ့မှစ၍ Civil Disobedience Movement တွင် ပြည်သူ့ဝန်ထမ်းများနှင့် အတူ ရပ်တည်သွားပါမည်။” စတဲ့ စာသားတွေနဲ့ ကမ်ပိန်းလုပ်ဆောင်ခဲ့တာပါ။

ကျောင်းသူ၊ ကျောင်းသား ၃၀၀ ဝန်းကျင်လောက်က အာဏာရှင်ကို တော်လှန်ကြောင်း လက် ၃ ချောင်းထောင် သင်္ကေတနဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာတင်ကြပြီး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024