Home
မြန်မာသတင်း
အာဏာသိမ်းစစ်အစိုးရအား ဆန့်ကျင်ရှုတ်ချကြောင်း စာအုပ်တိုက်ပေါင်း ၁၇၀ ကြေညာ
DVB
·
February 5, 2021

လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင် ရှုတ်ချကြောင်း လွတ်လပ်စွာရပ်တည်တဲ့ စာပေနဲ့ စာအုပ်ထုတ်ဝေသူတွေ၊ ဖြန့်ချိရောင်းချသူတွေက သဘောထားထုတ်ပြန်ပါတယ်။

စုပေါင်းထုတ်ပြန်ချက်ထဲမှာတော့ နာမည်ကြီးစာအုပ်တိုက်တွေဖြစ်တဲ့ စာပေလောက၊ ရာပြည့်၊ စိတ်ကူးချိုချို၊ ကံ့ကော်ဝတ်ရည်စတဲ့ စာအုပ်တိုက်တွေအပါအဝင် စာအုပ် တိုက်ပေါင်း ၁၇၀ ကျော် ပါဝင်နေတာ ဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး မတရားတဲ့ အဓမ္မနည်းနဲ့ အာဏာသိမ်းယူခဲ့တဲ့ အာဏာသိမ်းစစ်အစိုးရနဲ့တကွ သူတို့ရဲ့ အဓမ္မလုပ်ရပ်တွေ ကို လွတ်လပ်စွာရပ်တည်တဲ့ စာပေနဲ့ စာအုပ်ထုတ်ဝေသူတွေ၊ ဖြန့်ချိရောင်းချသူတွေက ဆန့်ကျင်ရှုတ်ချကန့်ကွက် ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

နောက်ပြီး ဒီမိုကရေစီနည်းအရ ပြည်သူလူထုမဲပေးရွေးချယ်ထားတဲ့ ပြည်သူ့ခေါင်း ဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားရာကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ မတရာ အဏာသိမ်းပိုက်မှုကို စွန့်လွှတ်ဖို့လည်း တောင်းဆိုထားတာပါ။

မတရားမှုဆန့်ကျင်တဲ့ မပူးပေါင်းရေး Civil Disobedience လှုပ်ရှားမှုတွေကို စာပေနယ်ကလည်း လက်တွဲဆောင်ရွက်သွားမှာဖြစ်ကာ ပြည်သူနဲ့အတူ ကိုယ်ကျိုးမဖက် ရပ်တည်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီး နောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြမှုတွေ လုပ်ဆောင်နေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့ အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024