ပုသိမ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမည့်သတင်းကြောင့် ရဲတပ်ဖွဲ့ လုံခြုံရေးယူ
DVB
·
February 5, 2021
ပုသိမ်မြို့တော်ခန်းမအနီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြမယ့် သတင်းကြောင့် ဒီကနေ့ မွန်းလွဲ ၁ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့က လုံခြုံရေးရယူထားပါတယ်။ ဒါပေမဲ့ ဆန္ဒပြမယ့်သူတွေကတော့ ရောက်မလာခဲ့ဘူးလို့သိရပါတယ်။
မြန်မာနိုင်ငံအနှံ့ တိုင်းနဲ့ပြည်နယ်တော်တော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန္ဒဖော်ထုတ်တာတွေ ကမ်ပိန်းပြုလုပ်တာတွေရှိလာခဲ့သလို ပုသိမ်မြို့မှာလည်း ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဆန္ဒပြမယ်ဆိုတဲ့သတင်းများ ထွက်ပေါ်လာခဲ့တာပါ။