Home
မြန်မာသတင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း ဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ အာဆီယံ လူ့အခွင့်အရေးကော်မရှင်၏ ကိုယ်စားလှယ်လေးဦးထုတ်ပြန်ချက်
DVB
·
February 5, 2021

၅ ဖေဖော်ဝါရီ ၂၀၂၁

−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် မြန်မာစစ်တပ်က အရေးပေါ်အခြေအနေကြေညာခြင်းနှင့် အာဏာလွှဲပြောင်းရယူခြင်းများ ဖြစ်ပွားခဲ့သည့်အပေါ် ကျွန်ုပ်တို့သည် မျက်ခြေမပြတ်စောင့်ကြည့်နေပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ကျွန်ုပ်တို့သည် အလွန်အမင်း စိုးရိမ်နေပါသည်။  အာဆီယံပဋိညာဉ်နှင့် အာဆီယံ လူ့အခွင့်အရေးကြေညာချက်များတွင် အလေးအမြတ်ပြုကာ ထည့်သွင်းထားသော အခြေခံမူများကို လေးစား လိုက်နာရန်လည်း တိုက်တွန်း လိုက်ပါသည်။

တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ ဒီမိုကရေစီအခြေခံမူများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသောအစိုးရ စသည်တို့ကို လေးစားလိုက်နာခြင်းများ အပါအဝင် အာဆီယံ ပဋိညာဉ်တွင် အလေးအမြတ်ထည့်သွင်းထားသော ရည်ရွယ်ချက်များနှင့် အခြေခံမူများကို သတိရှိစေလိုပါသည်။

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီဖော်ဆောင်မှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆက်လက်လုပ်ဆောင်ခြင်း ကို အားပေးထောက်ခံပါသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနှင့် တရားဥပဒေနှင့် ညီညွတ်သော လုပ်ထုံးလုပ်နည်းများ၊ ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်ခြင်းဖြင့် အငြင်းပွားမှုတို့ကို ဖြေရှင်းကြပါဟုလည်း တိုက်တွန်းအပ်ပါသည်။

မြန်မာပြည်သူလူထု၏ စိတ်ဆန္ဒများ၊ အကျိုးစီးပွားများနှင့်အညီဖြစ်​သည့် ဒီမိုကရေစီကျ၍ ငြိမ်းချမ်းသော အကျိုး ရလဒ်တစ်ခု ပေါ်ထွက်လာရန် မျှော်လင့်ပါသည်။

 ဤထုတ်ပြန်ချက်ကို အောက်ပါပုဂ္ဂိုလ်များက သဘောတူ လက်မှတ်ရေးထိုးပါသည်။

(၁) H.E. Yuyun Wahyuningrum (အင်ဒိုနီးရှား)

(၂) H.E. Eric Paulsen ( မလေးရှား)

(၃) H.E. Dr.Shashi Jayakumar ( စင်္ကာပူ )

(၄) H.E. Prof. Dr. Amara Pongsapich (ထိုင်း)

( DVB ၏ ဘာသာပြန်မူ ဖြစ်ပါသည်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024