နေပြည်တော် စည်ပင်ဧည့်ရိပ်သာအတွင်းရှိ ကိုယ်စားလှယ် ၂၄ နာရီအတွင်း ထွက်ခွာပေးဖို့ အာဏာသိမ်းစစ်အစိုးရက ညွှန်ကြားလာတယ်လို့ သိရပါတယ်။
နယ်လုံဝန်ကြီးက နေပြည်တော်စည်သာယာရေးကော်မတီကတဆင့် အခုလို ညွှန်ကြားလာတာလို့ သိပါတယ်။
ကိုယ်စားလှယ်တဦးက “ဟုတ်ပါတယ်။ လူကြီးတွေလည်း ၄၈ နာရီလောက် အချိန်ရဖို့ ညှိကြပါသေးတယ်။ ဘယ်လိုမှ အဆင်မပြေဘူး၊ တကယ်လို့ မပြန်ဘူးဆိုရင် သူတို့ဘက်က ကားအစီး ၂၀ နဲ့ အကုန်တင်ပြီး လိုက်ပို့မယ်ပြောတယ်။ အတင်းအကျပ်လုပ်မယ့်သဘော ထင်တယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကိုယ်စားလှယ်တွေအနေနဲ့ ပစ္စည်းတွေ သိမ်းဆည်းပြီး ထွက်ခွာနေကြပြီ ဖြစ်ပါတယ်။